ကယန်း အမျိုးသားနေ့
၄င်းသည် ကရင်နီ အုပ်စုတွင် ပါ၀င်ပြီး ကန်းယံအနွယ်မှ ဆင်းသက် လာသည်ဟု ယုံကြည်ကြသည် ကယန်း လူမျိုး အများအပြားတွင် တောင်ပေါ် ဒေသတွင် နေထိုင်ကြပြီး ရွေ့ပြောင်း တောင်ယာ လုပ်ငန်း အဖြစ်ဖြင့် အသက်မွှေး ဝမ်းကြောင်း ပြုကြသည်။
ကယန်း လူမျိုးများသည် ကယန်း အမျိုးသားနေ့ကို နှစ်စဉ် မတ်လ ၁ဝရက် နေ့တွင် ကျင်းပခဲ့ပြီး လွန်ခဲ့သည့် သက္ကရာဇ် ၂ဝဝဝ ခုနှစ်တွင် စတင် ကျင်းပလာခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင် ၁၁ကြိမ် ရှိလာခဲ့ပြီဟု သိရပေသည်။
ကယန်း လူမျိုးတို့၏ရိုးရာ ယဉ်ကျေးမှုအရ ခေါင်ရည်တွင် အဓိက ပါ၀င်ပါသည်။
အဓိက ကိုးကွယ်သည့် ဘာသာအနေဖြင့် ခရစ်ယာန် ဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်သည် များလည်း အနည်းအကျဉ်း ရှိနေသည်ဟု သိရသည်။
ကယန်း လူမျိုးတို့သည် ရှေးယခင် နှစ်ပေါင်းများစွာ ကတည်းကပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တစ်စု တစ်စည်းတည်း နေထိုင်ခဲ့ကြသည်မှာ ကိုလိုနီ နယ်ချဲ့ ခေတ်မှ ယနေ့ထိပင်ဖြစ်သည်။
မှတ်ချက်။ ကယန်း အမျိုးသား လူငယ် ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်း အကျဉ်း စာစောင်မှ ထုတ်နုတ် ထားသည်။
ไม่มีความคิดเห็น:
แสดงความคิดเห็น