วันพุธที่ 7 กันยายน พ.ศ. 2554

ဒီပဲယင်း ထိခိုက်မှု ဒေါ်စု အလှူ


၂၀၀၃ ဒီပဲယင်း အကြမ်းဖက်မှုမှာ အရိုက်ခံ ရလို့ အောက်ပိုင်းသေသွားတဲ့ စစ်ကိုင်းတိုင်း က အန်အယ်လ်ဒီလူငယ်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဘီးတပ် ကုလားထိုင် တလုံး လှူဒါန်းလိုက်ပါတယ်။
လူငယ်တွေရဲ့အားပေးမှု ပိုများလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့
မုံရွာ ရေဦးလမ်းခွဲကနေ ၁၂ မိုင် လောက်ဝေးတဲ့ မြောင်မြို့နယ် တွင်းကြီးရွာ က အန်အယ်လ်ဒီ လူငယ် ကိုမြတ်ကိုနိုင် ဟာ ၂၀၀၃ မေလကုန်ပိုင်း က ဒေါ်အောင်ဆန်း စုကြည် ရဲ့ အထက်မြန်မာ ပြည် ခရီးစဉ်မှာ လိုက်ပါရင်း ဒီပဲယင်း တိုက်ခိုက် မှု မှာ အရိုက်နှက် ခံခဲ့ရလို့ အောက်ပိုင်း သေ သွားခဲ့ ပါတယ်။
အိပ်ယာနဲ့ အိမ်ထဲ အိမ်ပြင်လောက်ကို လက်လုပ် ဘီးတပ်ကုလားထိုင်လေးနဲ့ သွားနေရတာကို ဒေါ်အောင်ဆန်းစုကြည်သိရလို့ အင်္ဂါနေ့မှာ ဘီးတပ် ကုလားထိုင် တလုံး ကို မန္တလေးအန်အယ်လ်ဒီကနေ တဆင့် စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူးကနေ ကိုမြတ်ကိုနိုင်ကို လှူဒါန်းဖို့ ပေးအပ် လိုက်တာပါ။
ဒီပဲယင်း အကြမ်းဖက်မှုမှာ တုန်းက ကိုမြတ်ကိုနိုင် အပြင်းအထန် အရိုက်ခံရလို့ ခုလို အောက်ပိုင်းသေသွားတဲ့ အဖြစ်အပျက်ကို ဒီခရီးစဉ်မှာ ကိုယ်တိုင်လည်း ပါဝင် ခဲ့တဲ့ မန္တလေး အန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဦးမျိုးနိုင်က ဘီဘီစီ ကို ပြန်ပြောပြ ပါတယ်။
ကိုမြတ်ကိုနိုင်နဲ့ ၁ ရွာ တည်းသား အားလုံး ၃ ယောက်စလုံး ဒီပဲယင်းဖြစ်စဉ်မှာ အရိုက်ခံ ရတုန်းက ခါးဆစ်ပိုင်းတွေ၊ ခေါင်းတွေနဲ့ နောက်ကျောပိုင်း တွေမှာ တော်တော် များများ ထိခိုက် သွားကြောင်း အဲဒီခရီးစဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ မန္တလေး အန်အယ်လ်ဒီ စည်း အဖွဲ့ဝင် ဦးမျိုးနိုင်က ဘီဘီစီကို ပြောပါတယ်။
ကိုမြတ်ကိုနိုင် ဟာ အဲဒီလို ရိုက်နှက်ခံရတဲ့ ဒီပဲယင်း အဖြစ် ဖြစ် ပြီးခါစက ထနိုင်ပြုနိုင် ပေမယ့် ချက်ချင်း ကုသမှု မလုပ်နိုင်ပဲ ပုန်းရှောင်နေခဲ့ရတာကြောင့် ကုသ ခွင့် ရတဲ့ အချိန် ရောက်တော့ အချိန်လွန် သွားတဲ့အတွက် ရောဂါ မပျောက်တော့ဘဲ အခုတော့ အောက်ပိုင်းလုံးဝ မလှုပ်နိုင် တော့ကြောင်း ဦးမျိုးနိုင်က ပြောပြ ပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုထောက်ခံတဲ့ ထောင်ချီတဲ့ လူအုပ် ကြီးကို ဒီပဲယင်းမြို့နယ် ကျည်ရွာနား အရောက်မှာ အကြမ်းဖက် လူအုပ် က ခြုံခို ရိုက်နှက်ခဲ့ လို့ လူတွေ အသေအပျာက် ရှိခဲ့ပြီး အများအပြား ဒဏ်ရာရ ခဲ့ပါတယ်။

ไม่มีความคิดเห็น:

แสดงความคิดเห็น